Thursday

မ နှင့် က



မ နှင့် က

ကောင်းကင်ကို မော့ကြည့်
ငါလျှောက်မိရင် ခလုတ်တိုက်မလား?

ဒါဆိုရင်
မြေကြီးကို ငုံ့ ကြည့်
ငါလျှောက်ကြည့် လိုက်မယ် ။

တခါတရံတော့
ကောင်းကင်ကို သတိရ
ငါတမ်းတတဲ့အခါ
ကောင်းကင်က ရယ်မော
ငါကတော့ စိတ်မော ... လို့ ။

မကြာခဏတော့
ကောင်းကင်က ငါ့ကို
လက်ကမ်းလို့  ကြိုတတ်ပါရဲ့
ဒါပေမယ့် ငါလေ ။

ကမ်းကြိုတဲ့ လက်ကို
လှမ်းခိုဖို့  ခက်နေလို့ 
ဒီလိုနဲ့  နောက်ဆုံးတော့လဲ
ကောင်းကင်က ပြုံးပြ
ငါကလဲ မုန်းမရတော့
ရုန်းမရတဲ့ အချစ်တွေနဲ့ 
ငါဟာ မိုက်မဲ ။

လှိုက်လှဲစွာ ချစ်ခဲ့တယ် ။

" ဒီက "

No comments:

Post a Comment