Thursday

ကျေးဇူး


လူရယ်လို့မွေးဖွားလာကတည်းက တစ်ယောက်ထဲ ရယ်ပါ။ လူ့လောကထဲ ရောက်လာတော့ တစ်ဦးတစ်ယောက် တည်း နေထိုင်လို့ မရတော့ပါဘူး။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုသလိုပါပဲ ပတ်ဝန်းကျင်နဲ့ အပေါင်းအသင်း မိတ်ဆွေတွေနဲ့သူငယ်ချင်းတွေနဲ့ တစ်ယောက်အပေါ် တစ်ယောက် အမှီသဟဲပြု နေထိုင် လာခဲ့ကြရပါတယ်။ ဒီ လိုနဲ့ လူတစ်ဦးနဲ့တစ်ဦး ပေါင်းသင်းဆက်ဆံမှု ဆိုတာ ဖြစ်တည်လာပါတယ်။ ဒီ ပေါင်းသင်းဆက်ဆံရေး ကနေ တစ်ဦးအပေါ် တစ်ဦး ရိုင်းပင်းကူညီမှုတွေ ရယူပြီး မိမိတို့ ဘဝအသီးသီးကို မြင့်မားအောင် ရပ်တည်ကြရတယ်။ ဒီလိုနဲ့ပဲ တစ်ယောက်အပေါ် တစ်ယောက် ကျေးဇူးတရား ဆိုတာ ဖြစ်ပေါ်လာခဲ့ပါတယ်။

ကျေးဇူး ဆိုတာကတော့ လူတိုင်းမှာ အပြန်အလှန် တင်ရှိနေကြတာပါ။ မိမိကသာ သူတစ်ပါးကို ကျေးဇူးတင် ရကောင်းမှန်း၊ ကျေးဇူးပြန်ဆပ်ရကောင်းမှန်း မသိသည်သာ ရှိရပါမယ်။ ထမင်းတစ်လုပ် မဆိုထားပါနဲ့ ရေ တစ် မှုတ် သောက်ရုံမျှဖြင့်လည်း သူသည် မိမိရဲ့ ကျေးဇူးရှင် ဖြစ်သွားတာကို သတိမူမိရင် မြင်တတ်မှာပါ။ လူတွေ တစ်ယောက်နဲ့ တစ်ယောက် ကျေးဇူးဆိုတာ မြင်တတ်၊ သိတတ်ရင် ဘယ်လောက်များ ကောင်းလိုက်မလဲနော်။
ကျေးဇူးသိတတ် သူဟာ မေတ္တာတရား ထားတတ်ကြသူများ ဖြစ်တတ်ကြပါတယ်။ သူတစ်ပါးရဲ့ ကျေးဇူ ကို မြင် တတ်ခြင်း အကြောင်းမှာ မိမိတွင် မေတ္တာဓာတ်ရှိခြင်းကြောင့် ဖြစ်တယ်လို့ ဆရာတော်တစ်ပါးရဲ့ တရားမှာ နာ ခဲ့ဖူးပါတယ်။ ဒါကြောင့် ကျေးဇူး မတင်လျှင်နေပါ၊ ကျေးဇူးမကန်းပါနှင့် ဟု ပြောလေ့၊ ကြားရလေ့ ရှိပါတယ်။ ဆို လိုတာက ကျေးဇူးမသိတတ်တာဟာ ကျေးဇူးကန်းတာ နဲ့ အတူတူ ပါပဲလေ။ ကျေးဇူးရှိမှ ကျေးဇွတ်ရ ဆိုသလို မျိုးပေါ့။ ကျေးဇူးကန်းသူ တစ်ယောက် မဖြစ်အောင်တော့ မိမိတို့ စိတ်ထဲမှာ ကျေးဇူး တင်ထိုက်သူများကို အစဉ် အမြဲ ရိုသေလေးစား နေခြင်းက ကျေးဇူး သိတတ်ခြင်းပဲ ဖြစ်ပါတယ်။

သူတစ်ပါးရဲ့ ကျေးဇူးကို ပြစ်မှားခြင်းဟာ မိမိကိုလည်း အကျိုးယုတ်စေတဲ့ တန်ပြန်မှု ရှိပါတယ်။ တစ်ယောက် အပေါ် တစ်ယောက် အပြန်အလှန်အားဖြင့် ကျေးဇူး သိတတ်ခြင်းဟာ ရှက်စရာ၊ ဂုဏ်ငယ်စရာ ကိစ္စမဟုတ် ပါဘူး။ ဒါကြောင့် ကျေးဇူးဟူသည် မည်သူတစ်ဦးတစ်ယောက်မှ လွတ်ကင်းနိုင်ခြင်း မရှိတာကို အစဉ်သတိ ရ အောက်မေ့ နေသင့်ကြောင်း ရေးသားလိုက်ပါတယ်။
အချိန်ပေးပြီးဖတ်သွားတဲ့သူငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ...သူငယ်ချင်းအားလုံး

လည်း ကျေးဇူးတရား ကိုသိတတ်တဲ့သူများဖြစ်ကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်..

No comments:

Post a Comment