Tuesday

မင်္ဂလာဦးည တစ်ခြမ်း

နှစ်ပေါင်းများစွာ တောင်းဆုက ဘယ်မှာလဲ။
တွေးခြင်းအားဖြင့် ထိတွေ့မခံရ ပါသလား။
စိတ်အားကိုတင်းထား ဖြစ်ချင်တာကအားလုံး
အားမငယ်ပါနှင့် မင်္ဂလာဦးညလေးရယ်။
မေ့တ္တာကပိုပိုပြီး စက်ဝိုင်းလေးက ဝိုင်းဝိုင်းလာ
ချစ်ခြင်းအားဖြင့် ဖူးပွင့်လာမည့် ကြယ်ပွင့်လေး။
စိတ်ကူးယာဉ်တိုင်း စိတ်အားမငယ်ပါနှင့်
ဘဝလမ်းခရီးက ကြမ်းသန်းပါတယ်။
ကိုယ့်အချစ်ကို ယုံကြည်အားကိုးရင်း
မျက်ရည်မကျပါစေနှင့် ချစ်အသဲ (လမ်း)။
ကုလားထိုင်ပေါ်က ငေးကြည့်နေမဲ့အစား
ဒူးထောက်လျက် ဘုရားသခင်ကို ဆုတောင်း။
​ခြေကျဉ်း ၊ လက်ထိပ် ဖြို့ကွယ်ကာမစ
အကျဉ်းတံခါးဖွင့်တစ်နေ့ကို ကြိုဆိုပါ။
____လင်းရှိန်____

Wednesday

မကိုချစ်တယ်

အိပ်စက်နေတဲ့ ကျွန်တော့ရဲ့နှလုံးသား မနဲ့တွေ့ချိန်ခဏလေးမှာ နိုးထလာခဲ့

တည်ငြိမ်နေတဲ့ ကျွန်တော့ရဲ့စိတ်တွေ မနဲ့တွေ့ချိန်ခဏလေးထဲ ပြောင်းလဲသွားခဲ့

ကျွန်တော့ရဲ့အနာဂတ်တစ်ခုလုံး မ အတွက်နဲ့ ပြောင်းလဲကုန်ပြီ…

 

ဘာမှန်းမသိခဲ့ဘူး နုနယ်သေးတဲ့နှလုံးသားကို နိုးထစေခဲ့သူရယ် (နိုးထစေ)

ဒီရင်ထဲဖျောက်မရတော့ပါ မရင့်ကျက်သေးတဲ့ အရွယ်လေးမို့

နားလည်ပေးပါ သေချာတယ် မကိုချစ်တယ်…

 

အိပ်မက်တွေထဲရောက်ရောက်လို့လာ နိုးထတော့မယ့်အချိန်မျိုးတော့ မုန်းမိလာတယ်

အပျော်တွေဆုံချိန်မနိုးရက်ဘူးတကယ် အပြုံးလေးအောက်မှာတသက်လုံးပဲဆက်လို့မျှောချင်တယ်

အိပ်စက်ချိန်တိုင်း ပြန်ရချင်တယ် ပေးလှည့်အုံး မိုးနတ်မယ်လေး…

 

ဘာမှန်းမသိခဲ့ဘူး နုနယ်သေးတဲ့နှလုံးသားကို နိုးထစေခဲ့သူရယ် (အရမ်းချစ်တယ်)

ဒီရင်ထဲ ဖျောက်မရတော့ပါ မရင့်ကျက်သေးတဲ့ အရွယ်လေးမို့

နားလည်ပေးပါ သေချာတယ် မကိုချစ်တယ်…

 

Solo…

 

ဘာမှန်းမသိခဲ့ဘူး နုနယ်သေးတဲ့နှလုံးသားကို နိုးထစေခဲ့သူရယ် (အရမ်းချစ်တယ်)

ဒီရင်ထဲ ဖျောက်မရတော့ပါ မရင့်ကျက်သေးတဲ့ အရွယ်လေးမို့

နားလည်ပေးပါ (သိပ်ချစ်လို့) သေချာတယ် မကို ချစ်တယ်…

 

ဒီရင်ထဲကအချစ်တခုအတွက် ကျွန်တော်မောပန်း နွမ်းနယ်နေပြီ

ချိုမှိန်တဲ့ နုတ်ခမ်းလေးနှင့် ချစ်တယ်ဆိုတဲ့ တုန့်ပြန်မှုလေး ကြားပါရစေလား အို မမျှော်လင့်ရင်း အချစ်နဲ့အတူ ရှင်သန်မယ် ဟူးဟူး… သိပ်ချစ်လို့ ဟူး.. မ... သိပ်ချစ်လို့ ။

 

Composer: Mr. Michael Mang